|
Thursday, 22 December 2011 12:48 |
|
စိုင်းဆိုင်မောဝ် သူ့ရဲ့ဘဝမှတ်တိုင်တွေ သူဘယ်လို ဖြတ်သန်းခဲ့ရသလဲ။
ရှမ်းသီချင်းတွေကို သူမတူအောင် ဆိုနိုင်ခဲ့တဲ့သူ။
မြန်မာသီချင်းဆိုရာမှာလည်း ကျော်ကြားခဲ့တဲ့သူ။
တစ်ခေတ်မှာ တစ်လူလို့ ဆိုရတဲ့ သူ့အကြောင်းကို ဖတ်ကြည့်ရအောင် . . .
စိုင်းဆိုင်မောဝ်
၁၉၄၉ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ အဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန် တို့က မူဆယ်မြို့မှာ စိုင်းဆိုင်မောဝ်ကို ဖွားမြင်ခဲ့တယ်။ ညီအစ်ကို မောင်နှမများကတော့-
(၁) စိုင်းကျော်စံ (ခေါ်) စိုင်းလောဝ်ဆိုင်
(၂) စိုင်းရွှေလှ (ခေါ်) စိုင်းလိန်ခမ်း
(၃) စိုင်းဆမ်
(၄) စိုင်းညွှန့်မောင် (ခေါ်) စိုင်းဆိုင်မောဝ်
(၅) စိုင်းတား (ခေါ်) စိုင်းလှိုင်းဆိုင်
(၆) နန်းသိန်းဟန် တို့ပါပဲ။
|
|
Read more...
|
|
|
Thursday, 22 December 2011 12:45 |
|
သူ့ကို ပရိသတ်တွေက `ရွှေဥသြ`လို့ ခေါ်ကြတယ်။
မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကနေ နိုင်ငံကျော် အဆိုတော် ဖြစ်သွားတဲ့ စိုင်းထီးဆိုင် ရဲ့ လျှောက်လှမ်းခဲ့တဲ့ သူ့ရဲ့ အနုပညာခြေလှမ်းများကို ပြန်ပြီး ကောက်ကြောင်းဆွဲကာ ဖတ်ကြည့်ရအောင် . . .
စိုင်းထီးဆိုင် (ရှမ်းအနုပညာရှင် ထူးချွန်ဆုရ)
ဆွဲအားကောင်းသူ သုံးဦး
လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့-
(၁) ဘာသာရေးခေါင်းဆောင်၊
(၂) စစ်ခေါင်းဆောင်
(၃) အနုပညာရှင် တို့ဖြစ်တယ်။
ဘာသာရေးခေါင်းဆောင် စစ်ခေါင်းဆောင် ဒီနှစ်ယောက်ဟာ ဘယ်ကိုသွားသွား သူတို့ အနီးအနားမှာ လူတွေရုန်းရုန်းနဲ့ ဝန်းရံနေသလို နာမည်ကြီး အနုပညာရှင်တစ်ဦးလဲ ဘယ်နေ ရာမှာရောက်ရောက် ပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်စမြဲပါ။ သူတို့မှာ လူများစုရဲ့ အာရုံကို ဆွဲ ဆောင်နိုင်တဲ့ စွမ်းအား စွမ်းပကားတွေရှိတယ်။ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်လဲပဲ အဲဒီအ တိုင်းပါပဲ။
စိုင်းထီးဆိုင်ရဲ့ မွေးရာပါဒီဇိုင်းကတော့ သူများနဲ့မတူ တစ်မူထူးခြားနေလေရဲ့။ အသံ ကောင်းသလောက် ရူပါက သိပ်မဖြောင့်တော့ သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိသတ်ကတော့ သူ့ကို ရွှေ ဥသြလို့ ချစ်စနိုးခေါ်ကြတယ်။ သူ့ရဲ့ ထင်ရှားတဲ့ ပို့စ်ကတော့-
|
|
Read more...
|
|
Thursday, 22 December 2011 12:19 |
|
သူ့ကို ကလောင်ဆရာဝန်လို့ ခေါ်တယ်။ နောက်ပြီး မန္တလေးရောက် ရှမ်းတစ်ယောက်လဲ သူပါပဲ သူ့အကြောင်းကိုဖတ်ကြည့်ရအောင် ရှမ်းအနုပညာရှင် ထူးချွန်ဆုရ ဒေါက်တာ စိုင်းခမ်းလိတ်
`ကလောင်သွားဟာ လှံသွား ဓါးသွား၊ လက်နက်သွားထက် ထက်တယ်`လို့ ဆိုရိုးရှိတယ်။ လက်နက်ကိုင်တဲ့သူတချို့ကတော့ ကလောင်သွားက လူကိုထိုးသတ်နိုင်တာမှ မဟုတ်တာ၊ ငါတို့လက်နက်ကသာလျှင် လူကို သေအောင် လုပ်နိုင်တယ် လို့ ဆိုကောင်းဆို မယ်။ လက်နက်သွားက အစဉ်ထာဝရ မပစ်ခတ် မသတ်ဖြတ်နိုင်ပါဘူး။ လက်နက်ကိုတဲ့သူ လည်း အသက်တစ်ရာအထိ သက်တမ်းမရှည်နိုင်ဘူး။
ကလောင်သွားကတော့ သဘောတရားတစ်ခု စာရွက်ပေါ် ချပြသွားခဲ့ရင် အဲဒီစာသွား အတိုင်း ဆွေစဉ်မျိုးဆက်များစွာ လက်ခံကျင့်သုံးသွားနိုင်တယ်။ အကယ်၍ ကလောင်သွားတစ် ခုက အဲဒါ မင်းတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ လို့ ဆိုထားခဲ့ရင် နောင်လာနောက်သားတွေက အဲဒီ နယ်မြေကို ပြန်လည်လုယူမှု တိုက်ယူမှုကြောင့် ကမ္ဘာချီစစ်ပွဲကြီးတောင် ဖြစ်နိုင်တယ်။ ဒါ ကြောင့် ကလောင်သွားကို ဘယ်သူကမှ အထင်မသေးဝံ့ပါ။
|
|
Read more...
|
|
|
ချယ်ရီမြေမှာ သီချင်းပန်းလှလှတွေ ပွင့်စေခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ် |
|
Thursday, 22 December 2011 12:01 |
|
ရတနာထွန်း အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
ရှမ်းစာပေနဲ့ ရိုးရာ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ ရှမ်းအမျိုးသား တေးရေးဆရာ စိုင်းခမ်းလိတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပုဂံ အက်ဖ်အမ်က စီစဉ်တဲ့ 'စိုင်းခမ်းလိတ်(သို့မဟုတ်) သီချင်းတွေပွင့်တဲ့ ချယ်ရီမြေ' လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
နာမည်ကြီး သီချင်းတွေ အများကြီး ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ် က တကယ်တော့ တေးရေး ဆရာတစ်ယောက် အဖြစ်သာမကဘဲ ဂီတစာဆိုလို့ ဆိုရလောက်အောင် ကဗျာ၊ စာတွေလည်း ရေးခဲ့သူပါ။
|
|
Read more...
|
|
|
|
|
|